Main menu

မှော်ဘီမြို့နယ် မြို့မဈေးအတွင်းသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ (၂)ဦးတို့သည်  ၁၁-၆-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့မဈေးသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မှော်ဘီမြို့မဈေးရှိ ကလေးကစားစရာအရုပ်အမျိုးမျိုးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ သုံးစွဲပုံနည်းလမ်းနှင့် သတိပေးချက်ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ၎င်းနောက် အမှတ်တံဆိပ်ပြည့်စုံသော ပစ္စည်းများကိုသာ အဓိကရွေးချယ်၍ရောင်းချပေးရန်၊ လာရောက်ပစ္စည်းတင်သွင်းသူများ၏ ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ပစ္စည်းများကိုလက်ခံခြင်းမပြုရန် ဈေးဆိုင်ပိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)