Main menu

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     နိုင်ငံရပ်ခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းများနှင့် ဆွေးနွေးပွဲကို ယခုနှစ် သြဂုတ်လတွင် မြို့တော် ဟနွိုင်း ပြည်သူ့ကော်မတီကကြီးမှူးကျင်းပမည်ဖြစ်သည်။

   အဆိုပါ ညီလာခံတွင် ကိုယ်စားလှယ် ၁၅၀ မှ ၂၀၀ ခန့် တက်ရောက်ကာ မြို့တွင်းရှိ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအတွက် အတားအဆီးများ ဖယ်ရှားရန် ရည်ရွယ်၍ ကိစ္စရပ်းများကိုဆွေးနွေးသွားမည်ဖြစ်သည်။

   စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများနှင့် မြို့တော်၏နိုင်ငံတော်စီမံခန့်ခွဲရေး အေဂျင်စီများအကြား အဆက်အသွယ်ဖလှယ်နိုင်ရန် အခွင့်အလမ်းများဖန်တီးပေးမည်ဖြစ်ပြီး တစ်ချိန်တည်းတွင်နိုင်ငံခြားစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် ရင်းနှီး မြုပ်နှံမှု၊ ထုတ်လုပ်မှုနှင့် လုပ်ငန်းချဲထွင်ရန်အတွက် မူဝါဒဆိုင်ရာ အချက်အလက်များကို ပိုမိုပေး အပ်သွားမည်ဖြစ်ကြောင်းသိရသည်။

   ဟနွိုင်းစာရင်းအင်းဌာန၏အဆိုအရ ပြီးခဲ့သောမေလတွင် မြို့တော်အတွင်း၌ အသစ်တည်ထောင်ထားသောစီးပွားရေးလုပ်ငန်း ၃၂၄၈ ခုအား အသိအမှတ်ပြုလက်မှတ်များထုတ်ပေးခဲ့ပြီး မှတ်ပုံတင်မတည်ရင်းနှီးငွေ ဗီယက်နမ်ဒေါ်လာ ၂၈.၂ ထရီလီယမ်အား အသုံးပြုခဲ့ကြောင်း သိရသည်။

    ၂၀၂၄ ခုနှစ်ပထမငါးလပတ်အတွင်း မှတ်ပုံတင်မတည်ရင်းနှီးငွေစုစုပေါင်း ဗီယက်နမ် ဒေါ်လာ ၁၂၄.၃ ထရီလီယမ်‌‌ ဖြင့် အသစ်တည်ထောင်သည့်စီးပွားရေးလုပ်ငန်း ၁၂၉၀၀ ခန့်အား အသိအမှတ်ပြုလက်မှတ်များထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလနှင့် နှိုင်းယှဥ်ပါက လုပ်ငန်းအရေအတွက်မှာ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ကာ မှတ်ပုံတင်မတည်ရင်းနှီးငွေ ၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

    မြိုတော်အတွင်းရှိလုပ်ငန်းပေါင်း ၁၇၀၀ အား ဖျက်သိမ်းခဲ့ပြီး ယာယီရပ်ဆိုင်းရန် စာရင်းသွင်းထားသော လုပ်ငန်းပေါင်း ၁၆၂၀၀ နီးပါးရှိခဲ့သည်။ တစ်ချိန်တည်းတွင် စီးပွားရေးလုပ်ငန်းပေါင်း ၅၄၀၀ အား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

Source : Vietnamnews

DOCA(ရန်ကုန်)