Main menu

တိုက်ကြီးမြို့မဈေးအတွင်း စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းဆောင်ရွက်ချက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး (ရုံးအုပ်) ဦးဆောင်၍  ၁၀-၆-၂၀၂၄ ရက်နေ့တွင် မြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာ တိုက်ကြီးမြို့နယ်တွင် စားအုန်းဆီများကို စနစ်တကျဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ (၃-၆-၂၀၂၄)ရက်နေ့မှစ၍ ကုမ္ပဏီများ၏ အချိန်နှင့်တပြေးညီ ပြည်သူများဝယ်ယူစားသောက်နိုင်ရန် စနစ်တကျဖြန့်ဝေမှုမှတစ်ဆင့် ဈေးအတွင်းရောင်းချမှုကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိပါသည်။ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်မြို့များမှ ကိုယ်စားလှယ်(၁၁)ဦးသည် စားအုန်းဆီးများဖြန့်ဝေရောင်းချပေးပြီး ဈေးတွင်း/ ရပ်/ ကျေး/ စားသောက်ဆိုင်/ ဝန်ထမ်းများအား စနစ်တကျရောင်းချပေးလျက်ရှိရာ စားအုန်းဆီရောင်းချရာတွင် ရည်ညွှန်းသတ်မှတ်ထားသော သယ်ယူစရိတ်၊ အထွေထွေကုန်ကျစရိတ်အပါအဝင် ၂%အမြတ်ဖြင့်သာရောင်းချစေရန်နှင့် မြို့နယ်ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများမပြုလုပ်စေရန်နှင့် တိုက်ကြီးမြို့မဈေးသို့သွားရောက်ကာ စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံနှင့် ဈေးစည်ပင်တာဝန်ခံတို့ဦးဆောင်၍ ဈေးတွင်း/ဈေးပြင်၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)