Main menu

ဘုရင့်နောင်ဈေးအတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုတိယဦးစီးမှူးပါ (၂)ဦး၊  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးညီညီပိုင်ထက် (အလုပ်အမှုဆောင်)၊ ဘုရင့်နောင်ဈေးစည်ပင်ဌာနမှ ဦးဇော်လင်းထက်(နေ့စား)တို့ပူးပေါင်းပါဝင်လျက် ၁၂-၆-၂၀၂၄ ရက်နေ့၌ ဘုရင့်နောင်ဈေးအတွင်းရှိ မောက်ကြွယ်ဆန်ဆိုင်၊ ရွှေတောင်ကြီးဆန်ဆိုင်နှင့် ရွှေကြာမြေဆန်ဆိုင်များသို့ အဖွဲ့စုံဖြင့် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။

     ထိုသို့ဆောင်ရွက်ရခြင်းမှာ ဆန်စပါးအပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်ရေး ကြပ်မတ်ဆောင်ရွက်နိုင်စေရန်အတွက် ဆန်ဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများမရှိစေရန်ဖြစ်ပြီး မောက်ကြွယ်ဆန်ဆိုင်မှာ ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ်နှင့် ပဲခူးတိုင်းတို့မှ ဝယ်ယူခဲ့ပြီး ဇီယာ၊ ရက်(၉၀)၊ ပေါ်ဆန်းရိုးရိုးနှင့် ဧည့်မထ (အနိမ့်)များကို အများဆုံးရောင်းချကြောင်း၊ ရွေတောင်ကြီးဆန်ဆိုင်မှာ ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဝယ်ယူခဲ့ပြီး ပခမ်းသွယ်၊ ရှယ်၊ ရွှေဘိုပေါ်ဆန်းနှင့် ဆန်ကွဲကြီးများကို အများဆုံးရောင်းချကြောင်း၊ ရွှေကြာမြေဆန်ဆိုင်မှာ ပုသိမ်မြို့နယ်နှင့် မြောင်းမြမြို့နယ်တို့မှ ဝယ်ယူခဲ့ပြီး ရက်(၉၀)၊ ရေကျပခမ်း၊ ပေါ်ဆန်းများကို အများဆုံးရောင်းချကြောင်း ကွင်းဆင်းစစ်ဆေးမှုများအရသိရှိရပါသည်။

DOCA(ရန်ကုန်)