Main menu

မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေး၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် မင်္ဂလာဒုံမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်နိုင်မိုး၊ မင်္ဂလာဒုံဈေးမှ ဈေးကြီးကြပ်ရေးမှူး ဦးစိုးချစ်ဦးနှင့်ပူးပေါင်း၍ (၁၁-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၄၅) နာရီအချိန်တွင် မင်္ဂလာဒုံဈေးရှိ ကုန်စုံဆိုင်များဖြစ်သည့် လုပ်ငန်းရှင်များအားတွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒေါ်ခိုင်ရွှေ (ဒု-ကြီးကြပ်ရေးမှူး က ကုန်စုံဆိုင်များမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)တွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားသည့် ကုန်ပစ္စည်းများဖြစ်မှသာလျှင် စားသုံးသူများအတွက် လုံခြုံစိတ်ချရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မိမိတို့ရောင်းချသည့် စားသုံးဆီအမှတ်တံဆိပ်များတွင်လည်း ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်းများကိုဝယ်ယူရောင်းချပါက ဘေးကင်းလုံခြုံမှုရှိပြီး လုံခြုံစိတ်ချရသောကုန်စည်သည် ဈေးကွက်တွင် နေရာရရှိပြီး စားသုံးသူများကလည်း ယုံကြည်စိတ်ချစွာဝယ်ယူသုံးစွဲကြမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)