Main menu

အင်းစိန်မြို့နယ်၊ အင်းစိန်ဈေး၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် အင်းစိန်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၂) ဒေါ်ခင်မြတ်မော်၊ အင်းစိန်ဈေးမှ ဈေးတာဝန်ခံ ဦးလှသူနှင့်ပူးပေါင်း၍ (၇-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အင်းစိန်ဈေးရှိ ကုန်စုံဆိုင်များဖြစ်သည့် လုပ်ငန်းရှင်များအားတွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒေါ်ခိုင်ရွှေ (ဒု-ကြီးကြပ်ရေးမှူး) က ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)တွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသည့် ကုန်ပစ္စည်းများဖြစ်မှသာလျှင် စားသုံးသူများအတွက် လုံခြုံစိတ်ချရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မိမိတို့ရောင်းချသည့် စားသုံးဆီအမှတ်တံဆိပ်များတွင်လည်း ကုန်အညွှန်းအမှတ် အသားများပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်းများဝယ်ယူရောင်းချပါက ဘေးကင်းလုံခြုံမှုရှိပြီး လုံခြုံစိတ်ချရသောကုန်စည်သည် ဈေးကွက်တွင် နေရာရရှိပြီး စားသုံးသူများကလည်း ယုံကြည်စိတ်ချစွာဝယ်ယူသုံးစွဲကြမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)