စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် (၁၁-၆-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၄၅)နာရီအချိန်တွင် မင်္ဂလာဒုံဈေးမှ ဈေးကြီးကြပ်ရေးမှူး ဦးစိုးချစ်ဦးပါ(၂)ဦးတို့နှင့်ပူးပေါင်းကာ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးရှိ ကုန်မျိုးစုံဆိုင်သို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအမှတ်တံဆိပ်ပါ ကုန်ပစ္စည်းများရောင်းချနေသည့် Meizan, Goody, Lotus တို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ ပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာရောင်းချကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)