Main menu

အင်းစိန်ခရိုင်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ အစည်းအဝေးကျင်းပခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းထိုက်စိုး (အငယ်တန်းစာရေး) သည် ၁၁-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ စားအုန်းဆီနှင့်ပတ်သက်၍ အစည်းအဝေးတက်ရောက်ခဲ့ပါသည်။

     ထိုသို့တက်ရောက်ခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ (အဖွဲ့ဝင် ၁) ဗိုလ်မှူးသုခလှိုင်၊ အတွင်းရေးမှူး ရဲမှူးသန့်ဇင်၊ မြို့နယ်စည်ပင်သာယာရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ အင်းစိန်မြို့နယ်ဈေးစည်ပင်တာဝန်ခံ(၁၀)ဦးနှင့် စားအုန်းဆီကိုယ်စားလှယ်အပါအဝင် အုပ်ချုပ်ရေးမှူး (၂၁)ဦးတက်ရောက်ခဲ့ပြီး လက်လီကိုယ်စားလှယ်များဆီသို့ စားအုန်းဆီရောက်ရှိမှုစာရင်း၊ ခွဲဝေမှုစာရင်း၊ မြေပြင်တွင်ရောင်းချမှုစာရင်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ဆက်လက်၍ ကိုယ်စားလှယ်အများစုမှာ ယခင်ခွဲတမ်းများအတိုင်း မရရှိတော့ဘဲ ခွဲတမ်းလျော့ရသည့်အကြောင်းအရင်းနှင့်ပတ်သက်ပြီး တင်ပြခဲ့ရာ ဥက္ကဋ္ဌက လက်ကားကိုယ်စားလှယ်ပေးသူများနှင့် လက်လီကိုယ်စားလှယ်ရရှိသူများအား အချင်းချင်းအဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ကြပါရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)