Main menu

“ သုံးခွမြို့နယ်ရှိ ကလေးကစားစရာဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များတွင် ကလေးကစားစရာအရုပ်အမျိုးမျိုးရောင်းချသည့် ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ပြည်တွင်း/ပြည်ပမှထုတ်လုပ်တင်သွင်းသော ကုန်စည်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ/မရှိ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် သုံးခွမြို့နယ်မှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်နှင့်ဝန်ထမ်းများသည်  မြို့မဈေးအတွင်း/အပြင်နှင့်ရပ်ကွက်များရှိ ကလေးကစားစရာအရုပ်အမျိုးမျိုးရောင်းချသောဆိုင်များ တွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကလေးကစားစရာအရုပ်အမျိုးမျိုးအပါအဝင် အခြား ဘေးအန္တရာယ်ရှိသော ကုန်စည်များကိုလည်းရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်မှုအား စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)