Main menu

“ ကော့မှူးမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း ”

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင်  နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့၊ နေ့လယ် (၁၅၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

      အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကော့မှူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမလုပ်ငန်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအား ၎င်းတို့နှင့်ဆက်စပ်လုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ချေးငွေများပြန်လည်ကောက်ခံရရှိမှု၊ အသုံးစရိတ်ကျခံသုံးစွဲမှုများကို (၆)လတစ်ကြိမ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော စီမံကိန်းများကို ဖော်ပြထားသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်နေခြင်းရှိ/မရှိ‌စစ်ဆေးရန် မြို့နယ်ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်ကြီးကြပ်မှုကော်မတီအနေဖြင့် လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များအား ညှိနှိုင်းဆွေးနွေးပေးခဲ့ကြကြောင်းသိရသည်။

       အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်မန်နေဂျာ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်မန်နေဂျာ၊ သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ကျေးလက်လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)