Main menu

“ ကော့မှူးမြို့နယ်ရှိ ကလေးကစားစရာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များရှိ ကလေးကစားစရာအမျိုးမျိုးအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးနေသော ကုန်စည်များနှင့်စပ်လျဉ်၍ ဘေးအန္တရာယ်ရှိ/မရှိ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမည့်အချက်များဖော်ပြထားမှုရှိ/မရှိ ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများသည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ ကလေးကစားစရာအမျိုးမျိုးရောင်းချနေသောဆိုင်များမှ လုပ်ငန်းရှင်းများနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စံချိန်၊ စံညွှန်းများနှင့်ကိုက်ညီမှုရှိသော၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော၊ ကလေးများအတွက် ဘေးအန္တရာယ်ဖြစ်နိုင်ခြေမရှိသော ကလေးကစားစရာအမျိုးမျိုးကိုသာ မိမိတို့၏ဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များအနက် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ) ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေးအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မခွဲ(ဆ) ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကိုဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါရှိသော ကလေးကစားစရာအမျိုးမျိုးတို့ကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေးအသိပညာများပေးပြီးနောက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)