Main menu

“ ကော့မှူးမြို့နယ်၌ တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းအခမ်းအနားကျင်းပခြင်း

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌  တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) အသုံးပြုခြင်းကြောင့် ရရှိလာသည့်အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခြင်းနှင့် မိုးစပါးစိုက်ပျိုး ခြင်းအခမ်းအနားကို ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၁)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် အဖျောက်ကျေးရွာ၊ အဖျောက်ကွင်း ဦးအမှတ်(၂/၂)၊ ကွင်းအမှတ်(၂၇၇)ရှိ ဦးစန်းလွင်၏လယ်မြေ(၅)ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။

    အဆိုပါအခမ်းအနားတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် နိုင်ငံတော်၏လယ်မြေများ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုကဲ့သို့ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) အသုံးပြုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်နှင့် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းတို့က တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ၏ထူးခြားချက်၊ အားသာချက်၊ စွမ်းဆောင်ချက်များ၊ ကုန်ကျစရိတ်သက်သာပြီး အချိန်မီစိုက်ပျိုးရိတ်သိမ်းနိုင်ခြင်း၊ အထွက်နှုန်း ကောင်းမွန်ခြင်းတို့ကြောင့် မိုးစပါးစိုက်တောင်သူများအနေဖြင့် ဝင်ငွေတိုးတက်စေခြင်း စသည့်အကျိုးကျေးဇူးများအား အသေးစိတ်ရှင်းလင်းဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်းသိရသည်။

        အဆိုပါ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်(၂) ဦးမြင့်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)