Main menu

မကွေးတိုင်းဒေသကြီး၊ ကြို့ပင်ကျေးရွာ၏ မိုးမြေပဲစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ကြို့ပင်ကျေးရွာအုပ်စုရှိ ကြို့ပင်ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံသီးနှံများကို စိုက်ပျိုးကြသည့်အပြင် ဥယျာဉ်ခြံလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြကြောင်း သိရပါသည်။

      ကြို့ပင်ကျေးရွာတွင် မိုးမြေပဲစိုက်တောင်သူ(၁၅၀)ဦးရှိပြီး စိုက်ဧကမှာ(၂၀၀၀)ဧကနီးပါးရှိ ကြောင်း၊ မိုးမြေပဲစိုက်ပျိုးရာတွင် (၄)လမိုးမြေပဲနှင့် (၃)လမိုးမြေပဲဟူ၍ရှိကြောင်း၊ (၄)လမိုးမြေပဲကို ကဆုန်လတွင် စတင်စိုက်ပျိုးပြီး (၃)လမိုးမြေပဲကို ဝါဆိုလရောက်မှသာ စိုက်ပျိုးကြောင်း၊ (၅)လခွဲ အကြာတွင်ရိတ်သိမ်းရပြီး  ၎င်းအနေဖြင့် (၄)လမိုးမြေပဲ(၁၀)ဧကခန့်ကို ထွန်ကြောင်းဆွဲအစေ့ချစနစ် ဖြင့်စိုက်ပျိုးထားကြောင်း သိရပါသည်။ မျိုးအနေဖြင့် ယခင်နှစ်က စိုက်ပျိုးထွက်ရှိသော မြေပဲစေ့များ ကိုပြန်လည်အသုံးပြု၍ စိုက်ပျိုးထားခြင်းဖြစ်ပြီး (၁)ဧကလျှင် မျိုး(၁)တင်းနှင့်(၈)ပြည့်ခန့်ကုန်ကျ ကြောင်း၊  ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် ကျပ်(၅)သိန်းခန့်ကုန်ကျပြီး ယခုနှစ်တွင်  သွင်းအားစုစရိတ်မှာမြင့်တက်လာ၍ မြေပြုပြင်ခ၊ လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၆)သိန်းကုန်ကျပါကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က(၁)ဧကလျှင် မြေပဲတောင့် တင်း (၂၀ - ၄၀)တင်းထိထွက်ရှိကာ မြေပဲဆံအနေဖြင့် ပြည်(၁၀၀ မှ ၂၀၀)ပြည်ထိ ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် မြေပဲတောင့်(၁)တင်းလျှင် ကျပ်(၂၀၀၀၀)ဈေးရရှိခဲ့ပြီး မြေပဲဆံ(၁)တင်းလျှင် ကျပ် (၁၂၀၀၀၀ - ၁၄၀၀၀၀)ထိဈေးရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ချောက်မြို့ရှိ ပွဲရုံများသို့ တင်ပို့ ရောင်းချကြောင်း ကြို့ပင်ကျေးရွာနေ မိုးမြေပဲစိုက်တောင်သူ ဦးအောင်အေးထံမှ သိရပါသည်။

DOCA(မကွေး)