Main menu

စစ်ကိုင်းမြို့ဈေးကွက်အတွင်းသို့ရောက်ရှိလာသော အင်ဥများ

Powered by Drupal

      အင်ဥဆိုသည်မှာ အင်ပင်များ၏အောက်မှာ အင်ပင်အမြစ်များနှင့်ဆက်စပ်နေပြီး အင်ပင်အောက်ခြေအနီးအနားတွင်ပေါက်သော မှိုတစ်မျိုးဖြစ်ပါသည်။ အင်ဥသည် အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတချို့၌ ပေါက်ရောက်ပါသည်။ မြန်မာနိုင်ငံတွင် ပဲခူးရိုးမတစ်လျှောက်၊ အင်တိုင်းမြေများ၊ ကဘော်ချိုင့်ဝှမ်းဒေသ၊ ချင်းတွင်းမြစ်အထက်ပိုင်း ကလေး၊ တမူး၊ ဖောင်းပြင်၊ မော်လိုက်၊ ဟုမ္မလင်းမြို့များတွင် အများဆုံးထွက်ရှိပြီး မိုးဦးကာလ မေလနှင့် ဇွန်လများတွင် လှိုင်လှိုင်ပေါ်ပါသည်။

         အင်ဥများသည် မိုးဦးကျပြီး မေလလယ်မှစ၍ မြန်မာပြည်အနှံ့ ဈေးကွက်တွင်းသို့ဝင်ရောက်ပြီး တစ်ဆယ်ကျပ်သားလျှင် ၇၅၀၀/-ကျပ်၊ တစ်ပိသာလျှင် ၇၅၀၀၀/-ကျပ်ဖြင့် ပေါ်ဦးပေါ်ဖျား စတင်ရောင်းချကြပါသည်။ ဇွန်လ ပထမပတ်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှအင်ဥများ စစ်ကိုင်းမြို့ဈေးကွက်အတွင်းသို့ရောက်ရှိလာကာ တစ်ဆယ်ကျပ်သားလျှင် ၂၂၀၀/-ကျပ်၊ တစ်ပိသာလျှင် ၂၂၀၀၀/-ကျပ်ဈေးနှုန်းဖြင့် အင်ဥလှိုင်လှိုင်ထွက်ရှိလာသောကြောင့် ထက်ဝက်မကဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)