Main menu

ရွှေဘိုမြို့၏ ကွမ်းစိုက်ပျိုးမှုနှင့် ဈေးနှုန်းအခြေအနေ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ ရွှေဘိုမြို့နယ်အနေဖြင့် စပါးကိုအဓိကစိုက်ပျိုးကြသော်လည်း ယခုနှစ်၌ အခြားသောရာသီများထက် ကွမ်းရွက်များပိုမိုထွက်ရှိသော ရာသီဖြစ်သည့် နွေရာသီတွင် ကွမ်းရွက်ဈေးနှုန်းများမှာ ယခင်နှစ်ထက်ပိုမိုရရှိသဖြင့် စပါးစိုက်ပျိုးနိုင်ခြင်းမရှိသည့်ကုန်းမြေများနှင့် အိမ်ခြံဝင်းအတွင်းရှိ မြေလွှတ်များပါမကျန် ကွမ်းကို စိုက်ပျိုးလာကြကြောင်းသိရှိရပါသည်။

     ကွမ်းစိုက်ပျိုးရန်အတွက် မြေကိုနွား (သို့မဟုတ်) စက်ဖြင့်ထွန်ယက်ပြီး ပေါင်းမြက်များရှိပါက အလုပ်သမားငှားရမ်း၍ ပေါင်းမြက်များကိုရှင်းလင်းရကြောင်း၊ ပေါင်းမြက်များရှင်းလင်းပြီးပါက စိုက်မည့်မြေကိုပေါင်ဆွဲရပြီး ကွမ်းခြံအတွက် အသုံးပြုမည့်ဝါးများဖြင့် ငြမ်းဆင်ရကြောင်း၊ ငြမ်းဆင်ပြီးပါက ကွမ်းညွန့်ဖြတ်၍စိုက်ရကြောင်း၊ တချို့က စိုက်ပျိုးရန် ကွမ်းမျိုးအတွက်ကြိုတင်၍ ကွမ်းညွန့်ဖြတ်ပြီး ပျိုးထုတ်ထားကြသော်လည်း တချို့ကမူ စိုက်မည့်နေ့ရောက်မှသာ ကွမ်းညွန့်ဖြတ်၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသည့်မြေ၊ အသုံးပြုသည့်မျိုးနှင့် အပင်ပြုစုနိုင်သည့်အပေါ်မူတည်၍ (၃)လမှ(၄)လအတွင်း ကွမ်းရွက်များကို စတင်ခူးရကြောင်းသိရှိရပါသည်။

    ရွှေဘိုမြို့၌ လက်ရှိဖြစ်ပေါ်နေသောကွမ်းရွက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၇၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး မေလ၊ လကုန်ပတ်၌ ကွမ်းရွက်တစ်ပိဿာလျှင် (၂၀၀၀ဝိ/-)ကျပ်မှ (၂၂၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့ရာမှ တစ်ဖြည်းဖြည်းဈေးနှုန်းကျဆင်းလာကြောင်းနှင့် ကွမ်းစိုက်ပျိုးသူများအနေဖြင့် စိုက်ပျိုးရာတွင် အသုံးပြုရသည့်ဝါးမှာလည်း ယခင်နှစ်က တစ်လုံးလျှင် (၇၀ဝိ/-)ကျပ်နှင့် (၈၀ဝိ)ကျပ်သာရှိခဲ့ရာမှ ယခုနှစ်၌   ဝါးတစ်လုံးလျှင် (၁၂၀ဝိ/-)ကျပ်မှ (၁၃၀ဝိ/-)ကျပ်ထိဈေးနှုန်းမြှင့်တက်လာသည့်အပြင် ကွမ်းစိုက်ပျိုးရာ၌ အသုံးပြုရသည့် ကြေးနန်းကြိုး၊ ထုံး၊ ဘဲပိုက်နှင့် ကွမ်းညွန့်များမှာလည်း ဈေးနှုန်းမြှင့်တက်လာပြီး လုပ်သားငှားရမ်းခနှင့် သွင်းအားစုဈေးနှုန်းများမှာလည်း မြင့်တက်လာသဖြင့် ကွမ်းရွက်ကို ယခင်လက ရောင်းချရသည့်ဈေးနှုန်းအတိုင်း ပြန်လည်ရရှိရန် မျှော်လင့်လျှက်ရှိကြောင်း ကွမ်းစိုက်သူများနှင့်တွေ့ဆုံမေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)