စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့၊ နံနက် (၀၉း၃၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆန်ဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံတို့ပါဝင်သောအဖွဲ့စုံဖြင့် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် လက်လီရောင်းချသည့်ဆန်ဆိုင်များနှင့် ဈေးကွက်အတွင်းရှိ ဆန်အမျိုးအစားများ၊ ဆန်ဈေးနှုန်းများ၊ ဆန်လက်ကျန်အခြေအနေများနှင့် အဆိုပါဆန်များကို မည်သည့်ဒေသများမှ ဝယ်ယူရောင်းချကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ရာ ဆန်အမျိုးအစားများနှင့် ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်တင်းခွဲ(၁)ပိုင်းလျှင် (၁၆၀၀၀၀)ကျပ်၊ ဧရာမင်း (အဟောင်း) တစ်တင်းခွဲ(၁)ပိုင်းလျှင် (၁၄၅၀၀၀)ကျပ်၊ မနောစင်စင်တစ်တင်းခွဲ(၁)ပိုင်းလျှင် (၁၀၀၀၀၀)ကျပ်၊ မနောသုခတစ်တင်းခွဲ(၁)ပိုင်းလျှင် (၉၃၀၀၀)ကျပ်နှင့် ဆင်းသုခတစ်တင်းခွဲ(၁)ပိုင်းလျှင် (၉၀၀၀၀)ကျပ် စသည့်ဈေးနှုန်းအသီးသီးဖြင့်ရောင်းချပြီး ယခင်မေလဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခင်လအတိုင်း အပြောင်းအလဲမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း၊ ဒေသတွင်းဆန်စက်များမှ ဝယ်ယူရောင်းချပြီး၊ “ရွှေဘိုပေါ်ဆန်း” ဆန်တစ်မျိုးတည်းကိုသာ ရွှေဘိုမြို့မှဝယ်ယူရောင်းချကြောင်း၊ လက်ကျန်အခြေအနေအနည်းငယ်ရှိကြောင်း၊ ၎င်းနောက် ဆန်အရောင်းဆိုင်လုပ်ငန်းရှင်အား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းမပြုလုပ်ကြရန် ဆွေးနွေးခဲ့ကြောင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)