Main menu

ကန့်ဘလူမြို့နယ်တွင် စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးအကြောင်းသိမှတ်ဖွယ်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၂ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောဆွေးနွေးခဲ့သည်။ စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်(၄)ရပ်ကိုလည်း သိရှိစေရန်ဆွေးနွေးခဲ့ကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားများကို ကုန်စည်ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စိစစ်ရွေးချယ်ဝယ်ယူရန်လိုအပ်ကြောင်း၊ စားသုံးသူများသည် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် စားသုံးသူအခွင့်အရေးချိုးဖောက်ခံရပါက သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးအပါအဝင် ခရိုင်ဦးစီးမှူးရုံးများရှိ CICC များသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ DOCA Myanmar Mobile Application တွင်လည်းကောင်း၊ DOCA Facebook Page နှင့် Consumer Call Center (1535) သို့လည်းဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)