Main menu

အင်္ဂပူမြို့နယ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁၂-၆-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ဗိုလ်အောင်ကျော်ဈေးအတွင်းရှိ ဆန်ဆိုင်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင်  အင်္ဂပူမြို့နယ်အတွင်းရှိ  ဆန်ဆိုင်များအနေဖြင့်  ရွှေဘိုပေါ်ဆန်း၊ ဧရာ ဝတီပေါ်ဆန်းနှင့် ရွှေသွယ် စသောအရည်အသွေးမြင့်စားဆန်များကို ပုသိမ်မြို့မှ တိုက်ရိုက်မှာယူရောင်းချပြီး၊ ဒေသအတွင်းထွက်ရှိသော ဧည့်မထ ရက်(၉၀)သစ်၊ ပခန်း၊ ဆင်းသုခ အစရှိသည့် ဆန်များကိုလည်းရောင်းချလျက်ရှိပါသည်။ ဆန်ဆိုင်များအနေဖြင့် ရောင်းအားကိုလိုက်၍ မှာယူရောင်းချကြပြီး အများအပြား သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြောင်း စိစစ်တွေ့ရှိရသည်ဟုသိရှိရပါသည်။

DOCA(ဧရာဝတီ)