Main menu

ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းသိ‌ကောင်းစရာများဟောပြောဆွေးနွေးပွဲနှင့် ကျောင်းမုန့်စျေးတန်းအားစစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၃ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မုန့်စျေးတန်းရောင်းချနေသည့် ဆိုင်ပိုင်ရှင်များအား တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

      ထိုသို့ကျင်းပပြုလုပ်ရာ၌ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးအေးလွင်က စားသုံးသူကာကွယ်ရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူသုံးဆောင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူ၏နစ်နာဆုံးရှုံးမှုများအား ကုစားနိုင်ရန်အတွက် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မောင်ထွေးက အစားအသောက်နှင့် ဆိုးဆေးအန္တရာယ်များအကြောင်း ဆွေးနွေးဟောပြောဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်စျေးတန်းအား စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်စျေးတန်းအတွင်းရောင်းချနေသော အချိုရည်များ၊ မုန့်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိနှင့် တာရှည်ခံဆေးဝါးများနှင့် ခွင့်မပြုဆိုးဆေးများပါရှိမှုများရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)