Main menu

စားအုန်းဆီအရောင်းဆိုင်များအား အပါတ်စဉ်အလိုက် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      မအူပင်ခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပန်းတနော်မြို့နယ်၊ မြို့မဈေးကြီးနှင့် အရှေ့ပိုင်းရပ်ကွက်ဈေး၊ အနောက်ပိုင်းရပ်ကွက်ဈေးနှင့် မြို့ပေါ်ရှိ လက်ကားဆီအရောင်းဆိုင်တို့တွင် ရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးတို့အား မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ (၁၀-၆-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှူးရုံးမှ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ စျေးအတွင်းရောင်းချနေသည့်ဆိုင်များရှိ စားသုံးဆီအမျိုးမျိုးတို့မှာ ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ စသည်တို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဒေသတွင်းအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက်လည်းကောင်း၊ အထက်ဌာနများ၏ အချိန်နှင့်တပြေးညီ ထုတ်ပြန်လျက်ရှိသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များသိရှိလိုက်နာစေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပန်းတနော်စားဆီရောင်းချနေမှု၊ ဆီဈေးကွက်အတွင်း ပဲရောဆီ၊ ပဲလတ်ဆီများကို ရောင်းချခြင်းမပြုရန်၊ ဆီဈေးနှုန်းမြင့်မားစွာရောင်းချခြင်းမပြုရန်၊ သတ်မှတ်ရည်ညွှန်းဈေးထက် အမြတ် ၂ရာခိုင်နှုန်းတင်၍သာရောင်းချရန်၊ အလေးချိန်မှန်ကန်စေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများအား ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်စေရေးအတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး အပတ်စဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများလုပ်ဆောင်လျက်ရှိကြောင်း လုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)