Main menu

ဓနုဖြူမြို့နယ်အတွင်း MSMEs စီးပွားရေးလုပ်ငန်း ဒေါ်အားမီး (မရွေးမုန့်လုပ်ငန်း) ထုတ်လုပ်မှု ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဒေသတွင်း အသေးစား၊ အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းလေ့လာ

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြမြို့နယ်မှာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းဖြစ်သော ဒေါ်အားမီး မရွေးလုပ်ငန်းကို အမှတ်(၅)ရပ်ကွက်ရှိ ဈေးဦးကျောင်းလမ်း၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုကို စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ကသွားရောက်၍ အသေးစား၊ အလတ်စားလုပ်ငန်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းလေ့လာခဲ့ကြသည်။

     ဒေါ်အားမီး မရွေးမုန့်လုပ်ငန်းပိုင်ရှင် ဒေါ်အေးမြတ်မင်းနှင့်တွေ့ဆုံရာ မရွေးထုတ်လုပ်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားရာ မရွေးတွင် ကုန်ကြမ်းအဖြစ် ဆီ၊ ကြာဇံ၊ မြေပဲ၊ အုန်းသီး၊ ထန်းလျက်ပါဝင်ကြောင်း၊ ထုတ်လုပ်မှုအဆင့်ဆင့်အနေဖြင့် ပထမဆုံးကြာဇံကိုကြော်ခြင်း၊ ထန်းလျက်ကိုကြိုခြင်း၊ ကြိုပြီးသောထန်းလျက်ကို အမှုန်အမွားစစ်ပြီး သန့်စင်ခြင်းများပြုလုပ်ကြောင်း၊ အုန်းသီးကိုခြစ်ထားပြီး၊ မြေပဲကိုအခွံခွာကြိတ်ကာ ကပ်စေးနှဲထည့်၍ ကြိုထားသော ထန်းလျက်ကိုထည့်ပြီးနောက် ခြစ်ပြီးသားအုန်းသီးထည့်မွှေကာ ညောင်စေးကျ အောင်ကြိုရကြောင်း၊ ကြိတ်ပြီးသားမြေပဲကို ဗန်းတွင်ဖြန့်ခင်းထာပြီး ညောင်စေးကျအောင်ကြိုထားသော ကပ်စေးနှဲတို့နှင့်ကြော်ထားသော ကြာဇံကိုထည့်၍ သမအောင်မွှေပြီး ခင်းထားသော မြေပဲပေါ်တွင် ကြာဇံများကိုဖြန့်ကာ အပေါ်မှ မြေပဲထပ်ဖြူးရပါသည်။ ပြီးလျှင် ကြာဇံကို ပုံစံတကျဖြစ်အောင် ဒလှိမ့်တုံးလှိမ့်၍ ထုပ်ပိုးရာတွင် အမျိုးအစားအလိုက် ထည့်ရန် ဓားဖြင့် စနစ်တကျလှီးဖြတ်၍ အထုပ်ထုပ်ပိုး ပါကင်ပိတ်ပြီး လှပသော ဘူးခွံထဲသို့ထည့်၍ ရောင်းတန်းဝင်မုန့်အဖြစ်ထုတ်လုပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ မုန့်လုပ်ငန်းကို စတင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခဲ့သည်မှာ ၁၉၇၅ခုနှစ်မှစတင်ခဲ့ပါကြောင်း၊ ရင်းနှီးမြုပ်နှံမှုအနေဖြင့် အထုပ်(၁၀၀)စာအတွက်ကို ၁၅၀၀၀၀/-ကျပ်ခန့်ရှိပါကြောင်း၊ ဖြန့်ဖြူးမှုအနေဖြင့် ရောင်းအားပေါ်မူတည်ပြီးသာ ထုတ်လုပ်ပါကြောင်း၊ အခြားဒေသများကို တင်ပို့ခြင်းမရှိဘဲ မြို့နယ်တွင်းသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြောင်း ဒေါ်အားမီး မရွေးမုန့်လုပ်ငန်းသည် အောင်မြင်သော အသေးစား၊ အလတ်စား မုန့်လုပ်ငန်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)