Main menu

စားအုန်းဆီရောင်းချနေသော ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသုံးဆီများဝယ်ယူစားသုံးမှုအဆင်ပြေစေရန်နှင့် စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရန်ရည်ရွယ်၍ (၁၀-၆-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့သည် စည်ပင်သာယာဈေးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသုံးဆီအရောင်းဆိုင်များသို့သွားရောက်ကာ စားသုံးဆီများဖြန့်ဖြူးရောင်းချရာ၌ သတ်မှတ်ဈေးနှုန်းထက် ဈေးမြင့်တင်ရောင်းချခြင်းရှိ/မရှိ ကြပ်မတ်စစ်ဆေးအသိပညာပေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုး၊ ဝန်ထမ်းများနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ဓနုဖြူမြို့နယ်ဒေသခံပြည်သူလူထုစားသောက်ရေးအတွက် မရှိမဖြစ်လိုအပ်သော စားသုံးဆီများကို အဆင်ပြေစွာဝယ်ယူစားသုံးနိုင်ရေး၊ စားသုံးဆီဈေးကွက်တည်ငြိမ်မှုရှိစေရန် စည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းကာ စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာ၌ သတ်မှတ်ထားရှိသည့် ဈေးနှုန်းများအတိုင်း အမှန်တကယ်ရောင်းချပေးခြင်းရှိ/မရှိ ၊ အချင်အတွယ်မှန်ကန်မှုရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဓနုဖြူမြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များသည် စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းနှင့် မိမိတို့လုပ်ငန်းရှင်များအနေဖြင့်လည်း ပြည်သူများအား စားသုံးဆီများကို ဖြစ်သင့်ဖြစ်ထိုက်သော သတ်မှတ်ဈေးနှုန်းများအတိုင်း စနစ်တကျရောင်းချပေးသွားရန်နှင့် ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုရေး အလေးထားလိုက်နာဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးမှာကြားခဲ့သည်။ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများအဖွဲ့က ယာယီအရောင်းဆိုင်ဖွင့်လှစ်၍ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက် အစရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့် စနစ်တကျရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)