Main menu

ပန်းတနော် ထွန်းတောက်ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်တို့သည် (၁၀-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပန်းတနော် ထွန်းတောက်ဆန်စက်သို့သွားရောက်၍  ဆန်စပါးဈေးနှုန်း၊ ဈေးကွက်ရရှိမှုအတွက် အရည်အသွေးမြင့်ဆန်များထုတ်လုပ်ပြီး ဈေးကွက်ခိုင်မာမှုရှိစေရေးအတွက် လိုအပ်သောနည်းလမ်းများကို အသေးစိတ်ဆွေးနွေးရုံသာမက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ကြသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးမှုတွင် ထွန်းတောက်ဆန်စက်ပိုင်ရှင် ဦးတင်သန်းနှင့်တွေ့ဆုံ၍ ဆန်စက်နှင့် စပါးကြိတ်ခွဲဝယ်ယူမှုလုပ်ငန်းအကြောင်းကိုဆွေးနွေးကြရာ ပန်းတနော်မြို့နယ်ရှိ တောင်သူများအတွက် အရည်အသွေးကောင်းစပါးများ စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ရေး၊ ဝင်ငွေတိုးတက်စေရေးနှင့် စပါးမျိုးကောင်းမျိုးသန့်ဖြစ်ပါက ဈေးပိုမိုရရှိကြောင်း၊ စပါးအမျိုးအစားအလိုက် ဈေးနှုန်းကွဲပြားစွာဝယ်ယူမှုနှင့် မိမိဆန်စက်မှ ထွက်ရှိသောဆန်များကိုလည်း အရည်အသွေးအလိုက် ထိပ်စ၊ အလတ်စ၊ အနိမ့်စ၊ ဆန်၊ ဆန်ကွဲ၊ ဖွဲ စသည်ဖြင့် အရည်အသွေးအလိုက် ဈေးကွက်နှင့် ဈေးကောင်းရရှိနေမှုသည် ဆန်စက်အဆင့်မြှင့်တင်မှုကြောင့် ဆန်စပါးဈေးကွက် ဈေးကောင်းရရှိနေမှု၊ ဒေသတွင်းထုတ်လုပ်သောစပါးများ အရည်အသွေးကောင်းမွန်စေရန်အတွက် သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် နည်းပညာလိုအပ်မှုကို သက်ဆိုင်ရာစိုက်ပျိုးရေးအသိပညာရှင်များနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ပြန်လည်ဆွေးနွေးပြီး ဆန်၊ စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းကိစ္စရပ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)