Main menu

ဆီကုန်သည်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်     (၁၁-၆-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆီကုန်သည်လုပ်ငန်းရှင်(၄၇)ဦးအား စားသုံးဆီနှင့် စားသုံးသူအခွင့်အရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောမှုတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ စားသုံးသူပြည်သူများသည် စားသုံးဆီသုံးစွဲမှုများပြားလာပြီး လုံလောက်မှုနည်းပါးနေသေးသည့်အတွက် ပြည်ပမှ စားသုံးဆီကိုတင်သွင်းနေရသည်ဖြစ်ပါကြောင်း၊ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာသည်နှင့်အမျှ ဒေသခံတောင်သူများ၊ ကျေးလက်ဒေသများအတွက် အလုပ်အကိုင်အခွင့်အလမ်းများသာမက ဝင်ငွေတိုးတက်မှုများရှိလာမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ အရည်အသွေးပြည့်ဝသော စားသုံးဆီထုတ်လုပ်နိုင်အောင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပို့ကုန်များတို့မြင့်ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းများပေါ်ပေါက်လာနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်မှသာ ဆီထွက်သီးနှံများပိုမို ထုတ်လုပ်နိုင်ပြီး၊ ဆီစက်လုပ်ငန်းများလည်းဖွံဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ဖို့လိုအပ်ကြောင်း၊ ဆီရောင်းချသူလုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးဆီနှင့် စားသုံးသူအခွင့်အရေးယှဉ်တွဲကာ လေ့လာသုံးသပ်ပြီး စီးပွားရေးလုပ်ငန်းရှင်များက ဥပဒေတာဝန်များကို လေးစားလိုက်နာဆောင်ရွက်ကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေများ၊ ညွှန်ကြားချက်များကို အလေးထားလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီလုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)