(၁၃.၆.၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုခန်းမ၌ ကုန်စည်ဝန်ဆောင်မှုနှင့် ပတ်သက်၍ အာမခံပေးခြင်းဆိုင်ရာ အသိပညာပေး (Talk Show) ကိုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူးဒေါ်ဝင်းဝင်းချောက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ချောင်းဆုံမြို့နယ်တာဝန်ခံဒေါ်ထက်ထက်နွေဦးမှ ကုန်စည်ဝန်ဆောင်မှုနှင့် ပတ်သက်၍ အာမခံပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ်ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်းသည့် ဖော်ပြရမည့်အာမခံချက်များအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အာမခံပေးခြင်းအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့်နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)