Main menu

စိန်တစ်လုံးသရက်သီးများ ဈေးကွက်သို့တင်ပို့ခြင်း

Powered by Drupal

   ရှမ်းပြည်နယ်တောင်ပိုင်းတွင် စိုက်ပျိူးသော စိန်တစ်လုံးသရက်သီးများသည် ၂၀၂၄ခုနှစ် ဇွန်လ ပထမအပတ်မှစ၍ စတင်ထွက်ရှိပြီး ဈေးကွက်သို့တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ရှမ်းတောင် စိန်တလုံးသရက်သီးများသည် မိုင်းလားမှတစ်ဆင့်တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာမှာ ဇွန်လပထမ အပတ်တွင် 15kg တစ်ဖာလျှင် ယွမ် ၁၅၀ မှ ၁၈၀(၈၀၅၀၀ကျပ် မှ ၁၀၆၂၀၀ကျပ်) အထိဈေးနှုန်းရရှိခဲ့ပါသည်။

   ရပ်စောက်မြို့နယ် Unique Lwaksawk Public Co.,Ltd အနေဖြင့် စိန်တစ်လုံးသရက်သီးများကို စင်္ကာပူနိုင်ငံသို့ ဇွန်လပထမအပတ်ထိ ၂၄တန်တင်ပို့ခဲ့ပြီး တစ်တန်လျှင်၂၄၀၀၀၀၀ကျပ်မှ၃၀၀၀၀၀၀ကျပ် အထိရရှိခဲ့ကြောင်းသိရှိရပါသည်။ ရန်ကုန်မြို့ရှိCity markသို့တင်ပို့ရောင်းချရာတွင် တစ်လုံးလျှင်၅၀၀ကျပ် မှ၈၀၀ကျပ် ရရှိခဲ့ကြောင်းသိရှိရပါသည်။ ပြည်တွင်းဈေးကွက်အနေဖြင့် တစ်လုံးလျှင် အရည်သွေးအရွယ် အစားအပေါ်မူတည်၍ ၃၀၀ကျပ်မှ ၁၀၀၀ကျပ် ရရှိကြောင်းသိရှိရပါသည်။

    ရှမ်းတောင်တွင် စိန်တစ်လုံးစိုက်ဧက တစ်သောင်းဝန်းကျင်ခန့်ရှိပြီး စိန်တစ်လုံးသရက်သီးများကို ဇွန်လပထမအပတ်မှ လကုန်အထိခူးဆွတ်၍ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)