Main menu

ပေါင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါတားမြစ်ချက်များအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

   (၁၄.၆.၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်း၌ စားသုံးသူကာကွယ်ရေးဥပဒေပါတားမြစ်ချက်များအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဉ္ဇာစိုးက အသိပညာပေး  (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံဦးအောင်မျိုးဦးက စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉၊ အခန်း (၂၃) တွင် ပြဌာန်းထားသည့် တားမြစ်ချက်များအကြောင်း၊ အဆိုပါတားမြစ်ချက်များကိုဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုပြစ်ဒဏ်များဆိုင်ရာ အကြောင်းအရာများအားအကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)