![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/20_15.jpg?itok=XBKI0CD6)
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်သည် သဘာဝမြေဩဇာကောင်းမွန်ပြီး စပါးစိုက်ဧကအများဆုံးနှင့် မျိုးကောင်းမျိုးသန့် စပါးများဖြစ်ထွန်းရာဒေသဖြစ်ပါသည်။ (၁၂.၆.၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ပေါင်မြို့ပေါ်ရှိ ပေါင်ဆန်စပါးကုန်သည်တစ်ဦးနှင့် တွေ့ဆုံ၍စပါး၊ ဆန်ဈေးနှုန်းအခြေအနေအားမေးမြန်းခဲ့ရာ ပေါ်ဆန်း(ဒေသ) စပါးတင်း(၁၀၀) လျှင် ယခင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သည့် အချိန်၌ (၄၂) သိန်းထိ ဈေးတက်ခဲ့ရာမှ ယခု လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ချိန်၌ (၃၈/၃၉) သိန်းထိကျဆင်းလာခဲ့ကြောင်း၊ ဧည့်မထစပါး တင်း (၁၀၀) လျှင်လည်း (၂၅) သိန်းထိရှိခဲ့ရာမှ ယခု (၂၃/၂၄) သိန်း ထိရှိကျဆင်းလာကြောင်း၊ ဆန်ဈေးကွက်တွင်လည်း ပေါ်ဆန်း (ဒေသ) (၂၄ပြည်ပါ) (၁) အိတ်လျှင် (၁၃၀၀၀၀) ကျပ်ကျော် သိရှိခဲ့ရာမှ ယခု (၁၃၀၀၀၀) အောက်လျော့နည်းလာနေပြီဖြစ်ကြောင်း၊ ဧည့်မထဆန် (၂၄ ပြည်ပါ) ၁ အိတ်လျှင် ယခင်(၇၇၀၀၀) ကျပ်ရှိရာမှ ယခု (၇၆၀၀၀) ထိကျဆင်းလာနေပြီး တစ်ဖြည်းဖြည်းအကျဘက်သို့ ဦးတည်လာနိုင်ကြောင်း ဆန်စက်ကုန်သည်၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မွန်)