ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးများကို ရောင်းချလျက်ရှိရာ ယခုအချိန်တွင် ဒေသတွင်းမှ ထွက်ရှိသည့် ခရမ်းချဉ်သီးများမရှိတော့သည့်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၄ခုနှစ်၊ ဇွန်လ (ပထမပတ်)တွင် အောင်ပန်းခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ် (၃၅၀၀) မှ ကျပ် (၄၀၀၀)၊ ယခု ဇွန်လ (ဒုတိယပတ်)တွင် (၁)ပိဿာလျှင် ကျပ် (၄၅၀၀) မှ ကျပ်(၅၅၀၀) ကျပ်အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ ဒေသတွင်းရှိ ခရမ်းချဉ်သီးများမှာ ရာသီကုန်ဆုံးသော ကာလဖြစ်၍ အခြားမြို့များမှ ဝယ်ယူရသဖြင့် သယ်ယူစရိတ်မြင့်မားခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)