Main menu

လက်ရှိဖြစ်ပေါ်နေသော ငရုတ်ခြောက်ဈေး

Powered by Drupal

      လက်ရှိဖြစ်ပွားလျက်ရှိသော ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ ငရုတ်ခြောက် ဈေးနှုန်းကျဆင်း နေရခြင်းအကြောင်းအရင်းမှာ ပြည်ပအဝယ်နည်းနေသောကြောင့် ငရုတ်ခြောက်အဝယ်နည်းနေကာ ပုံမှန်ဈေးနှုန်းအနည်းငယ်ပြန်ကျသွားပြီး ငရုတ်ခြောက် ဈေးငြိမ်နေကြောင်း ကုန်စုံဆိုင်များထံမှ သိရှိရပါသည်။ လက်ရှိငရုတ်ခြောက် တစ်ပိဿာလျှင် ဝယ်ဈေး (၁၂၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ရောင်းဈေးမှာ (၁၆၀၀၀မှ ၁၈၀၀၀)ကျပ် အထိရှိနေ ကြောင်းသိရပါသည်။ ယခုဈေးနှုန်းများသည် နေရာဒေသ တစ်ခုနှင့်တစ်ခုဈေးနှုန်းအနည်း ငယ်ပြောင်းနိုင်လဲကြောင်းသိရပါသည်။

        လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများကြောင့် လမ်းတံတားများ အချိုးခံထားရ သောကြောင့် ကုန်ဈေးနှုန်းများမှာလဲ ကြိုက်ရောင်း/ကြိုက်ဝယ် ပုံစံမျိုးသို့ ကူးပြောင်းလာ ကြောင်းတွေ့ရပါသည်။ ယခင်နှစ်များက ငရုတ်ခြောက်ကို တရုတ်ပြည်နှင့် ထိုင်းသို့တင်ပို့နိုင်ခဲ့ သော်လည်း ယခုအခါတွင် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့သွားသည့်အတွက် ပြည်တွင်းတွင်သာအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ငရုတ်ခြောက်ဈေးနှုန်းများမှာလည်း ယခင် နှစ်ထက်ဈေးနှုန်းများ လျော့နည်းနေကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)