Main menu

ရွှေဘိုမြို့တွင် ရောင်းချသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

    ဇွန်လ၊ ဒုတိယအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင်(၁၅၄၀၀ဝိ/-)ကျပ်၊ MCတံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်းဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင် (၄၅၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင် (၇၄၀၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲတံဆိပ်ကွန်ပေါင်း ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင် (၈၂၀၀ဝိ/-)ကျပ်၊ ပန်းဖူးတံဆိပ်ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင် (၇၂၀၀ဝိ/-)ကျပ်ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 1Liter  တစ်ဗူးလျှင် (၁၃၀၀ဝိ/-)ကျပ်၊ ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဗူးလျှင် (၁၆၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 250ccတစ်ဗူးလျှင် (၄၇၀၀ဝိ/-) ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 250cc တစ်ဗူးလျှင် (၁၄၅၀ဝိ/-)ကျပ်ဖြစ်ကြောင်း သိရသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင် (၅၀၀ဝိ/-)ကျပ်၊ ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဗူးလျှင် (၁၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့)250ccတစ်ဗူးလျှင် (၃၅၀ဝိ/-)ကျပ် ဈေးနှုန်းအသီးသီးမြှင့်တက်ခဲ့ကြောင်း၊   အာမို၊ ကျွဲနက် တံဆိပ်၊ MCတံဆိပ်၊ ပန်းဖူးတံဆိပ်ဓါတ်မြေဩဇာများနှင့် ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) နှင့်ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေးများမှာ ကုမ္ပဏီမှပစ္စည်းလိုသလောက်မပို့နိုင်၍  အလှည့်ကျဝယ်ယူရသဖြင့် ပစ္စည်းပြတ်နေကြောင်း၊ ယခုအချိန်တွင် နွေစပါးများ အနည်းငယ်ရိတ်သိမ်းစပြုနေပြီ ဖြစ်သည့်အပြင် ကျန်စိုက်ပျိုးထားသည့်နွေစပါးများမှာလည်း မကြာမီအချိန်တွင် ရိတ်သိမ်းတော့မည်ဖြစ်သဖြင့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့၏ အရောင်းအဝယ်ဖြစ်မှုမှာလည်း ပုံမှန်သာဖြစ်ကြောင်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)