စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။
ဇွန်လ၊ ပထမအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ နွေနှမ်းနက်များ စတင်ဝင်ရောက်ခဲ့ကြောင်း၊ ဇွန်လ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင် (၁၄၆၀၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၇၂၀၀)တင်း/ (၁၇၆)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းနက် တစ်တင်းလျှင် (၁၂၀၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် နှမ်းနက် တစ်တင်းလျှင်(၂၆၀၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ နှမ်းနက်တစ်တင်းလျှင် (၁၁၁၇၀ဝိ/-)ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် နှမ်းနက်တစ်တင်းလျှင် (၃၄၃၀ဝိ/-)ကျပ် ဈေးပိုမိုရရှိ ခဲ့ကြောင်း၊ ရွှေဘိုမြို့ရှိ ပဲ၊ နှမ်းကုန်သည်များအနေဖြင့် ဝယ်ယူရရှိသည့် နှမ်းနက်များကို မန္တလေးမြို့သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ဒေသတွင်းရှိ စားသုံးသူများမှ ဆီကြိတ်ခွဲရန်အတွက် အနည်းငယ် ဝယ်ယူမှုများလည်းရှိကြောင်း၊ ဝယ်ယူရရှိသည့်သီးနှံများကို ဝယ်ယူရသည့်ဈေးနှင့် ရောင်းချရသည့်ဈေး တွက်ခြေကိုက်ပါက ပြန်လည်ရောင်းချပြီး ကြာရှည်သိုလှောင်မှုနည်းပါးကြောင်းနှင့် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းမှုအရ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)