Main menu

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းဆက်လက်မြင့်တက်လျက်ရှိ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    ခရမ်းချဉ်သီးများသည် ယခုအချိန်အခါကာလဖြစ်သည့် မိုးရာသီတွင် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုမရှိသည့်အတွက် ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချရပါသည်။ ရှမ်းပြည်၊ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများမှာ ရာသီမရွေး ဝယ်ယူစားသုံးနိုင်ပြီး အခွံလည်းထူ၍ အချဉ်အရသာနည်းသည့်အပြင် အလုံးအရွယ်အစားလှခြင်း၊ အထားခံခြင်းတို့ကြောင့် လူအများကကြိုက်နှစ်သက်ကြပါသည်။ ယခု ဇွန်လပထမအပတ်မှစ၍ ခရမ်းချဉ်သီး ဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိလာကြောင်း သိရှိရပါသည်။

   ကန့်ဘလူမြို့၏ ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် မေလဒုတိယအပတ်နှင့် တတိယအပတ်တို့တွင် ထိုင်ဝမ်ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် အလုံးအရွယ်အစားအလိုက် (၁၂၀၀/၁၅၀၀/၁၈၀၀/ ၂၀၀၀)ကျပ်ဈေးနှုန်းဖြစ်ခဲ့ပြီး ၊ ဇွန်လပထမအပတ်တွင် ထိုင်ဝမ် ခရမ်းချဉ်သီးဈေးမှာ တစ်ပိဿာလျှင် အလုံးအရွယ်အစားအလိုက် (၄၅၀၀/၄၈၀၀)ကျပ်အထိ ဈေးနှုန်းမြင့်တက်လာကာ ယခု ဇွန်လဒုတိယ အပတ်တွင် ထိုင်ဝမ် ခရမ်းချဉ်သီးဈေးမှာ အလုံးအရွယ်အစားအလိုက် တစ်ပိဿာလျှင် (၅၅၀၀/ ၆၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဇွန်လပထမအပတ်နှင့် ဇွန်လဒုတိယအပတ်တို့နှိုင်းယှဉ်ကြည့်မည် ဆိုပါက ထိုင်ဝမ် ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့် အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)