Main menu

ပြောင်းဆံဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာ

Powered by Drupal

           ပြောင်းဆံကို ပြည်ပက ဝယ်လိုအားကောင်းနေတဲ့အတွက်ကြောင့် ပြည်တွင်းမှာ ပြောင်းဆံ ဈေးနှုန်းများမြင့်တက်လာနေတယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းကသိရပါတယ်။

          ပြောင်းဆံကို အိန္ဒိယ ဈေးကွက်ချဲ့ထွင်းတင်ပို့နေတဲ့အပြင် ထိုင်းကိုလည်း ပြောင်းတင်ပို့မှုများ ပြီး ပြည်ပတင်ပို့မှုအနေနဲ့  တန်ချိန်သုံးဆလောက်အထိ တင်ပို့နိုင်ခြင်း၊ နိုင်ငံခြားငွေ ဈေးမြင့်တက် ခြင်းတွေကြောင့် ပြောင်းဈေးနှုန်းက အမြင့်ဈေးတန်းမှာရှိတယ်လို့ သိရပါတယ်။

ပြောင်းဆံဈေးဟာ လက်ရှိ ဇွန်လ ပထမအပတ်မှာဆိုရင် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဈေးကွက်မှာ တစ်ပိဿာကို ၁၃၈၀ ကျပ်မှ ၁၄၀၀ ကျပ်အထိရှိလာကြောင်း၊ မေလအစတုန်းက ပြောင်းဆံတစ်ပိဿာကို ၁၀၇၀ မှ ၁၀၉၀ ကျပ်သာရှိလို့ တစ်လကျော်အတွင်းမှာ တစ်ပိဿာကို ၃၁၀ ကျပ်မြင့်တက်လာတာဖြစ်ပါတယ်။

          မန္တလေး ကုန်စည်ဈေးကွက်မှာလည်း ဇွန်လပထမအပတ်မှာ ပြောင်း (ဗမာ) က ၅၄ ပိဿာကို ၆၄၀၀၀ မှ ၆၅၀၀၀ ကျပ်၊ ပြောင်း ( cp) နဲ့ ပြောင်း ( ရှမ်း) က ၅၄ ပိဿာကို ၆၇၀၀၀ မှ ၆၈၀၀၀ ကျပ်အထိရှိလာကြောင်း ၊ မေလအစ ၂ ရက်နေ့တုန်းက ပြောင်း (ဗမာ) က ၅၄ ပိဿာကို ၄၉၅၀၀ မှ ၅၀၀၀၀ ကျပ်၊ ပြောင်း ( cp) နဲ့ ပြောင်း ( ရှမ်း) က ၅၄ ပိဿာကို ၅၁၀၀၀ ကျပ်သာရှိလို့ တစ်လကျော်အတွင်း ၅၄ပိဿာ၀င် တစ်အိတ်ကို ၁၆၀၀၀ ကျပ်ဝန်းကျင်မြင့်တက်လာတာဖြစ်ပါတယ်။

          ပြောင်းဆံဈေးမြင့်တက်လာပေမယ့်လည်း အခုရာသီက တောင်သူအများစုလက်ထဲမှာ ပစ္စည်းလက်ကျန်မရှိတော့ပဲ ကုန်သည်လက်ထဲနဲ့ အခြားသိုလှောင်ထားသူတွေလက်ထဲမှာ သာရှိတော့ တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ပြောင်းဆံကို ပြည်ပတင်ပို့ မှုအနေနဲ့ အိန္ဒိယ၊ထိုင်းနိုင်ငံ ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ကိုအဓိကတင်ပို့နေပြီး အများဆုံးကတော့ ထိုင်းနိုင်ငံကိုတင်ပို့နေရတာဖြစ်တယ်လို့ သိရပါတယ်။

          ပြည်ပကို ပြောင်းဆံ တင်ပို့ရာမှာ နယ်စပ်လမ်းကြောင်းကနေ တင်ပို့နိုင်မှုမရှိဘဲ ပင်လယ်ရေကြောင်းကနေသာ အဓိကတင်ပို့နေရတာဖြစ်ပြီး ဧပြီလနဲ့မေလမှာ ပြည်ပကိုပြောင်းဆံတင်ပို့မှုအနေနဲ့ တန်ချိန် ၈ သိန်းကျော်အထိရှိခဲ့တယ်လို့သိရပါတယ်။

DOCA(ရှမ်း)