Main menu

ဆန်စပါးဈေးကွက်အခြေအနေနှင့် ဆန်စပါးဝယ်ယူမှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်း၍  မအူပင်မြို့၊ တိုးရွှေဝါခန်းမတွင် ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၂ရက်နေ့၌ မအူပင်ခရိုင်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြပါသည်။

        ဆွေးနွေးပွဲတွင် အလုပ်ရှင်/ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားအလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၏ စည်းကြပ်သည့်ဥပဒေနှင့် လုပ်ငန်းတာဝန်များကိုရှင်းလင်းခြင်း၊ အတတ်နိုင်ဆုံး အလုပ်သမားအခက်အခဲများအပေါ်ကိုဖြေရှင်းရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခြင်း၊  မိမိတို့ဧရာဝတီတိုင်းသည် စိုက်ပျိုးရေးကိုအခြေခံ၍ ဆောင်ရွက်နေသောကြောင့် ဆန်စက်လုပ်သားကြီးများ အနေဖြင့် တိုင်း/ပြည်နယ်များအတွက်ပါ ဆန်စပါးရရှိရေး ဆောင်ရွက်ပေးနေရသည့်အတွက် ကျေးဇူးတင်ရှိကြောင်း အားပေးစကားပြောကြားခဲ့သည်။  

      ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အလုပ်သမားများ၏ရပိုင်ခွင့်နှင့် လုပ်ငန်းခွင်အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အလုပ်သမားများသက်သာချောင်ချိရေးတို့အတွက် အလုပ် သမား၊ အလုပ်ရှင်များမှာ ကျွန်းကိုင်းမီ ကိုင်းကျွန်းမီ ဆောင်ရွက်စေလိုကြောင်း၊ လုပ်ငန်းရှင်အသိပညာပေးဟောပြောပွဲများတွင်လည်း ထည့်သွင်းဆွေးနွေးကြောင်း၊  အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် မိမိတို့၏ အခွင့်အရေးတာဝန်များကို သိရှိလိုက်နာဆောင်ရွက်ကြရန်နှင့် ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလေးပေးဆွေးနွေးခဲ့ပြီးနောက် ဆန်စက်လုပ်ငန်းရှင်များ၊ သိုလှောင်ရုံပိုင်ရှင်များအနေဖြင့် ဆန်စပါးသိုလှောင်ရုံများအတွက် မှတ်ပုံတင်ခြင်းလုပ်ငန်းကို စားသုံးသူရေးရာဦးစီးဌာန၏ သိုလှောင်ရုံမှတ်ပုံတင်ရာ Online နှင့်ချိတ်ထားသော Myanmar Rice Online (မြန်မာ့ဆန်စပါးအွန်လိုင်း) MyRo တွင် သတ်မှတ်ချက်များအတိုင်းဖြည့်စွက်၍ ထောက်ခံချက်များဖြင့် တင်ပြလျောက်ထားခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး၊ သိုလှောင်ရုံဆန်စက်ပိုင်ရှင်များအနေဖြင့် မှတ်ပုံတင်ခြင်းကိုလုပ်ဆောင်နိုင်ပြီးဖြစ်ကြောင်း၊ တချို့လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်ပြီးဖြစ်သော်လည်း ကျန်ရှိသောလုပ်ငန်းရှင်များဆောင်ရွက်နိုင်ရန်အတွက် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ မအူပင်ခရိုင်၊ မြို့နယ်အသီးသီးမှ ဆန်စက်လုပ်ငန်းရှင် (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)