Main menu

တောင်ငူမြို့ ဘုရင့်နောင်ဈေးတွင် ဂန္ဓမာပန်းများ ဈေးကျ

Powered by Drupal

      ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ နေအိမ်များတွင် ဘုရားစင်ကို အမြတ်တနိုးထားရှိကြ သည်။ ဗုဒ္ဓဘာသာဝင်အိမ်ရှင်မများအနေဖြင့် နေအိမ်ရှိဘုရားစင်တွင် ဘုရားပန်းများမညှိုးနွမ်းစေရန် အစဉ်တစိုက်လဲခြင်းများပြုလုပ်တတ်ကြသည်။

         ထို့ကြောင့် မြို့တိုင်း၊ ဈေးတိုင်းတွင် ဘုရားပန်းသည်များဖြင့် စည်ကားလျက်ရှိပါသည်။ တောင်ငူမြို့ ဘုရင့်နောင်ဈေးတွင် အများအားဖြင့် ဒေသတွင်းမှလာရောက်ရောင်းချသော ပန်းသည်များဖြင့် စည်ကားလျက်ရှိပါသည်။ တောင်ငူမြို့တွင် စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းတို့ ဖြတ်သန်းစီးဆင်းလျက်ရှိသောကြောင့် မြစ်များ၊ ချောင်းများနှင့်နီးသော‌ဒေသများအနေဖြင့် ဟင်းသီးဟင်းရွက်နှင့် ပန်းများအား စိုက်ပျိုးရောင်းချလျက်ရှိပါသည်။

          တောင်ငူမြို့ ဘုရင့်နောင်ဈေးနှင့် ညောင်ပင်ဈေးရှိ ပန်းသည်များသည် ဒေသထွက်ပန်းများအား ရောင်းချကြသကဲ့သို့ ရှမ်းပြည်မှတင်သွင်းသော ပန်းများကိုလည်း ရောင်းချပေးလျက်ရှိပါသည်။ ယခုကာလကဲ့သို့သော မိုးကျသောရာသီတွင် ဒေသထွက်ဂန္ဓမာပန်းများ လှိုင်လှိုင်ပေါ်သောကြောင့် ဈေးကျလျက်ရှိပါသည်။

      ယခင်၂၀၂၄ခုနှစ်၊ မေလတွင် (၁၀)တံပါ အပွင့်ကြီး ဂန္ဓမာပန်းတစ်စည်းလျှင် (၃၀၀၀)ကျပ်ခန့်ရှိခဲ့ရာမှ ယခုဇွန်လ ဒုတိယပတ်တွင် (၂၀၀၀)ကျပ်၊ အပွင့်သေးတစ်စည်းလျှင် ယခင်မေလတွင် (၁၀၀၀)ကျပ်၊ (၁၅၀၀)ကျပ်ခန့်ရှိခဲ့ရာမှ ယခုအချိန်၌ တစ်စည်းလျှင် (၅၀၀) ကျပ်ခန့်ဈေးနှုန်းကျဆင်းသွားကြောင်း ဘုရင့်နောင်ဈေးရှိ ပန်းသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)