![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/20.22_0.jpg?itok=osbi8Rgc)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် ပန်းမျိုးစုံရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ကြရာတွင် နှင်းဆီပန်းအရောင်မျိုးစုံကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ နှင်းဆီပန်းများကို ဘုရားပူဇော်ရန်နှင့် အလှူ၊ မင်္ဂလာပွဲများတွင် အလှဆင်ရန် အတွက် အသုံးပြုကြပြီး ကန့်ဘလူမြို့တွင် စိုက်ပျိုးသူနည်းပါသည့်အတွက် မန္တလေးမြို့မှ ဖောက်သည်ယူ၍ ရောင်းချရပါကြောင်း ဈေးအတွင်း ပန်းမျိုးစုံ ရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။
နှင်းဆီပန်းရောင်းစုံများကို မန္တလေးမြို့မှ တစ်ပွင့်လျှင်(၁၇၀/၂၀၀)ကျပ်တို့ဖြင့် ဖောက်သည် ဝယ်ယူရပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လတတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ နှင်းဆီပန်းဈေးနှုန်းမှာ အပွင့်လှမလှပေါ်မူတည်၍ အပွင့်သေးတစ်ပွင့်လျှင် (၂၅၀)ကျပ် တစ်ထောင်ဖိုး(၄)ပွင့်နှင့် နှင်းဆီပန်း အပွင့်ကြီးလျှင် တစ်ပွင့်ကို(၃၅၀)ကျပ် တစ်ထောင်ဖိုးလျှင်(၃)ပွင့်တို့ဖြင့် ပြန်လည် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)