Main menu

အုတ်ဖိုမြို့ရှိ ဆန်ဆိုင်များသို့သွားရောက်၍ ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းခြင်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၄-၆-၂၀၂၄ ရက်နေ့တွင် ပူးပေါင်းအဖွဲ့များနှင့်အတူ ဆန်စက်လုပ်ငန်းရှင်များထံသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။

       စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား၍ ဆောင်ရွက်လျက်ရှိရာ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်းအဖွဲ့သည် အုတ်ဖိုမြို့၊ ဆန်စက်ကြိတ်ခွဲထုတ်လုပ်ရောင်းချနေသော ကွေ့ချောင်းရပ်ကွက်ရှိ ဝင်းနောင်ဆန်စက်၊ ကျောင်းကြီးတန်းရပ်ကွက်ရှိ ဦးဝင်းနိုင်၏ ရွှေမေတ္တာဆန်စက်တို့ထံသို့သွားရောက်၍ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေများနှင့် ဆန်သိုလှောင်မှုရောင်းချမှုများကိုဆွေးနွေးခဲ့ပါသည်။ ဆန်ဈေးနှုန်းများအနေဖြင့် ရက်၉၀ဆန်၊ ပခန်းဆန်၊  ငွေတိုးဆန်များမှာ ၁၀၈ဆန်တစ်အိတ်လျှင် ၈၇၀၀၀ကျပ်ခန့်ရှိပြီး မြို့နယ်အတွင်း ကြိတ်ခွဲသောစက်များက ဖြန့်ဖြူးရောင်းချကြပြီး ပေါ်ဆန်းမွှေးဆန်မှာ ၁၀၈ပေါင်ပါ တစ်အိတ်လျှင် ၁၆၆၀၀၀ကျပ်ခန့်ရှိပြီး ၎င်းကို ရန်ကုန်မှ မှာယူ‌‌ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)