Main menu

ရာသီပေါ်သခွားစိုက်ပျိုးခြင်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးရာသီ၌ ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ  ပေါက်တန်းကျေးရွာသို့သွားရောက်၍ ရာသီပေါ်သခွားသီးနှံစိုက်ပျိုးခြင်းနှင့် ပတ်သက်ပြီး သခွားစိုက်တောင်သူနှင့်တွေ့ဆုံမေးမြန်းခဲ့ရာ သခွားတစ်ကျိုးစိုက်ပျိုးပါက သခွားစေ့အထုပ် (၅)ထုပ်ခန့်စိုက်ပျိုးရပါသည်။ သခွားစေ့ (၅)ထုပ်၏တန်ဖိုးမှာ ကျပ်တစ်သိန်းခန့်ကုန်ကျကြောင်း၊ (ဆေးဖိုး၊ အလုပ်သမားခ၊ ဆေးပတ်ခ၊ မြေဩဇာဖိုး၊ တိုင်ထောင်ရာ၌ ဝါးဖိုးကုန်ကျစရိတ်၊ ရေသွင်းခ၊ ဆီဖိုး) ကုန်ကျစရိတ်မှာ ကျပ်တစ်သိန်းခွဲခန့်ရှိပြီး တစ်ကျိုးလျှင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်နှစ်သိန်းခွဲခန့်ရှိကြောင်း၊ စိုက်ပျိုးပြီး (၄၅) ရက်ခန့်ရှိပါက အသီး‌များစတင်သီးပါသည်။ ယခု ၂၀၂၄ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင် သခွားသီးတစ်လုံးလျှင် ၂၀၀ကျပ်ခန့်ဖြင့်ရောင်းချရပြီး ဈေးအတက်အကျရှိကာ တစ်ကျိုးလျှင် သခွားသီးအလုံးရေ (၃၀၀၀)ခန့်ထွက်ရှိပါသည်။ ခူးဆွတ်ချိန်တွင် ကုန်သည်ပွဲစားများက သခွားခင်းထဲသို့ လာရောက်ဝယ်ယူကြောင်း၊ ၎င်းမှတစ်ဆင့် ရန်ကုန်မြို့သို့ ပို့ဆောင်ရောင်းချကြောင်း၊  အကျိုးအမြတ်မှာ ဈေးအတက်အကျအပေါ် မူတည်ကြောင်းနှင့် သခွားစိုက်ပျိုးခြင်းဖြင့် တောင်သူများအတွက် အကျိုးအမြတ်ရရှိနေကြောင်း တွေ့ဆုံမေးမြန်းမှုအရသိရှိရပါသည်။

DOCA(ပဲခူး)