Main menu

စားသောက်ကုန်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသောက်ကုန်လုပ်ငန်းရှင် (MSMEs) များအား ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP)၊ ကောင်းမွန်သော သန့်ရှင်းမှုကျင့်စဉ် (GHP) နှင့် အစားအသောက်ထုတ်လုပ်ခြင်း၊ FDA၏ ထောက်ခံချက်လျှောက်ထားရန် လိုအပ်သည့်အချက်အလက်များနှင့် စားသုံးသူကာကွယ်ပေးရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသော အသိပညာပေးဆွေးနွေးပွဲကို (၁၄-၆-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါဆွေးနွေးပွဲတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP)၊ ကောင်းမွန်သောသန့်ရှင်းမှုကျင့်စဉ် (GHP)နှင့် အစားအသောက်ထုတ်လုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊  ဦးစီးအရာရှိ ဒေါက်တာဖြူရတနာက FDA ၏ထောက်ခံချက်လျှောက်ထားရန် လိုအပ်သည့်အချက်အလက်များနှင့် Online ဆိုင်ရာလျှောက်ထားမှုကိစ္စရပ်များအားလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းခရိုင်တာဝန်ခံက စားသုံးသူကာကွယ်ပေးရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာကိစ္စရပ်များအားလည်းကောင်း အသီးသီးအသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းရှင်  (၃၅)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)