Main menu

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံရုံးမှ ဦးအောင်မိုးသည် (၁၃-၆-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံရုံး၌ စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူက တက်ရောက်လာသော  စားသုံးဆီလုပ်ငန်းရှင်များအား   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ     ထုတ်ပြန်ထားသော  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ညွှန်ကြားချက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးဆီလုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဘူးသွတ်ဆီများအား ဖွင့်ဖောက်၍ စားအုန်းဆီများနှင့်ရောနှောရောင်းချခြင်းမပြုရန်နှင့် စားသုံးသူပြည်သူများ မြင်သာစေသောနေရာများတွင် ဆိုင်းပုဒ်များချိတ်ဆွဲရောင်းချရန်လိုအပ်ကြောင်း၊ ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးဆီလုပ်ငန်းရှင်များအား အသိပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၄၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)