Main menu

ရှမ်း/ တောင် ခရမ်းချဉ်သီးဈေးကွက်

Powered by Drupal

     ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်ရှိတဲ့ အင်းသီး ခေါ် အင်းလေးကန် ကျွန်းမျောပေါ်မှာအဓိက စိုက်ပျိုးတဲ့ ခရမ်းချဉ်တွေဟာ အရင်နှစ်ကထက် ဈေးကောင်းရနေပေမဲ့ စိုက်ပျိုးစရိတ် နဲ့ စိုက်တဲ့ တောင်သူ နည်းပါးလာပြီး၊ ကျွန်းမျောတွေ ပျက်စီးကုန်တာကြောင့်   အသီးအထွက်နှုန်းတွေလည်း နည်းလာပြီး တောင်သူတွေ အရှုံးပေါ်နေတယ်လို့လည်းသိရပါတယ်။ အင်းလေးကန် အတွင်းက ကျွန်းမျောတွေက ရာသီဥတု ပူပြင်းတာကြောင့်  ပျက်စီးကုန်တဲ့အ ပြင် အရင်ကထက် စိုက်ပျိုးတဲ့ တောင်သူတွေ နည်းပါး လာတာကြောင့် အသီးအထွက်နှုန်း လျော့ကျကာ  ဈေးကွက်အတွင်းကိုလည်း အရင်နှစ်တွေကလောက် တင်သွင်းနိုင်ခြင်းမရှိတော့ဘူးလို့လည်း သိရပါတယ်၊ ဈေးကောင်းနေပေမဲ့ စိုက်ပျိုးစရိတ်ကြီး လာတာကြောင့် တောင်သူတွေက အရှုံးပေါ်နေတယ်လို့ဆိုပါတယ်။

    မနှစ်ကတော့ ခရမ်းချဉ်သီးတွေက အထွက်နှုန်းများပြီး ဈေးကောင်းမရခဲ့တာကြောင့် တိရစ္ဆာန်တွေ ကျွေး၊ ဒီအတိုင်းလွင့်ပစ် ခဲ့ရပါတယ်၊ မနှစ်က အနိမ့်ဆုံးဈေးက ၁၀ဝိ/ထိ တောင် ဖြစ်ခဲ့ပါတယ်။  ဒီနှစ်မှာတော့ ဈေးနှုန်းက အတော်ကောင်းလာပြီး မေလမှာ ဂွတ်ရှယ်သီးက တစ်ပိဿာ ၃၀၀ဝိ/-၊ ရှယ်သီးက ၂၈၀ဝိ/ နဲ့ အသေးက ၂၅၀ဝိ/- ဈေးထိပေါက်နေပါတယ်၊ အသီးကြီး အသီးညီပြီး၊ အလုံးလှတာ ကို (ဂွတ် ရှယ်)သီး၊ သူ့ထက် အလုံးငယ်တာကို (ရှယ်သီး) နဲ့ အသေးမျိုးကိုတော့ (အသေးသီး)ဆို ခွဲခြားပြီး ဈေးကွက်ကို ဝင်ပါတယ်၊  ဈေးနှုန်းက ဆက်တိုက်မြင့်နေပြီး ဇွန်လ ပထမ  အပတ်မှာ ဂွတ်ရှယ်သီးက ၄၅၀ဝိ/- ၊ ရှယ်သီး က ၄၀၀ဝိ/-နဲ့ အသေးဆုံးသီးက ၃၅၀ဝိ/- ရှိလာပါတယ်။ လက်လီဈေးကွက်မှာတော့ ဂွတ်ရှယ်သီးက တစ်ပိဿာ ကို ၅၀၀ဝိ/-ဈေးပေါက်နေတယ်လို့ သိရှိရပါတယ်။ဇွန်လ တတိယပတ်မှာတော့ ဈေးအနည်းငယ် ပြန်ကျလာပြီး ဂွတ်ရှယ်က၄၀၀ဝိ/- ရှယ်သီးက ၃၅၀ဝိ/-နဲ့  အသေးဆုံးအသီးက ၂၅၀ဝိ/-ဈေးရှိပါတယ်၊ ခရမ်းချဉ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသမှာ အများဆုံးစိုက်ပျိုး ကြပြီး၊ စိုက်ပျိုးချိန် ကတော့ (၃)လ မှ (၄) လကြာပါတယ်၊ နှစ်စဉ် ဇန်နဝါရီလမှာ ၁ ကြိမ်နဲ့ မေလ မှာ၁ ကြိမ် စိုက်ပျိုးကြပါတယ်၊  ဒီနှစ်မှာတော့ မနှစ်ကထက် စိုက်ပျိုးမှု လျော့နည်းလာပြီး ၄ပုံ ၁ပုံသာစိုက် ပျိုးနိုင်ခဲ့ပြီး၊ အင်းလေးဒေသအတွင်း ကျေးရွာပေါင်း ၅၀ ကျော်ခန့်စိုက်ပျိုးကြပါတယ်၊စိုက်ပျိုးမြေကျွန်းမျော ဧကပေါင်း ၂သိန်း နီးပါးခန့်ရှိတယ်လို့လည်း ဒေသခံတွေထံကသိရပါတယ်၊ ရှမ်းပြည်နယ်အင်းလေးဒေသက ထွက်တဲ့ခရမ်းချဉ်သီးတွေကို ရန်ကုန်၊ မန္တလေးတို့အပြင်  ရှမ်းပြည်နယ်(အရှေ့ ပိုင်း) ရှမ်းပြည်နယ်(မြောက်ပိုင်း)သာမက မြန်မာပြည် တပြည်လုံးကို တင်ပို့ရောင်းချရတယ်လို့ ညောင်ရွှေမြို့ ခရမ်းချဉ်ပွဲရုံတွေက သိရှိရပါတယ်။

DOCA(ရှမ်း)