မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အမှတ်(၁) ရွှေပုံတောင်အခြေခံပညာအထက်တန်းကျေင်း(ခွဲ)၌ ဌာနဆိုင်ရာများစုပေါင်း၍ (၁၉-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောပွဲကျင်းပပေးခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “စာဖတ်သည့်အလေ့အကျင့်မှသည် စာဖတ်စွဲမြဲသော အလေ့အထကောင်းများမွေးမြူရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားသောက်ရန်မသင့်သောအစားအသောက်များနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်သည့်ပစ္စည်းများအား ဝယ်ယူသုံးစွဲတတ်စေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူသူအောင်က “စနစ်တကျအမှိုက်စွန့်ပစ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အဆိုပါအသိပညာပေးဟောပြောပွဲသို့ ပြည်သူစုစုပေါင်း(၇၅)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)