![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/21.6_8.jpg?itok=G9JXHepm)
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး/ စစ်ရေးအခြေအနေများကြောင့် လားရှိုးမြို့ပေါ်တွင် ကုန်ဈေးနှုန်းများ တစ်နေ့ထက်တစ်နေ့မြင့်တက်လျက်ရှိကြောင်း သိရှိ ရပါသည်။ ယခင်က ရှမ်းပြည်နယ်ထွက် ခရမ်းချဉ်သီးဈေးမှာ ပုံမှန် (၁၅၀၀ မှ၂၅၀၀)ကျပ် အတွင်းရှိသော်လည်း ယခုအခါတွင် တစ်နိုင်ငံလုံးနည်းတူ ၆၀၀၀ကျပ်အထိမြင့်တက်လျက်ရှိကြောင်း လားရှိုးမြို့ ကုန်စိမ်းအရောင်းဆိုင်များမှ သိရှိရပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေးအဆင်မပြေသည့်အတွက် အခြားဒေသမှ ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းဝင်ရောက်လာမှုနည်းပါးလာပြီ မေလမှစ၍ကုန်ဈေးနှုန်းများ အတိအကျမရှိဘဲ မြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများမှတစ်ဆင့် သိရှိရပါသည်။
DOCA(ရှမ်း)