Main menu

လားရှိုးမြို့ ဘိလပ်မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးကွက်

Powered by Drupal

     လားရှိုးမြို့ ဇွန်လ ဒုတိယအပတ် ဘိလပ်မြေဈေးကွက်မှာ Crown ဘိလပ်မြေတစ်အိတ်လျှင် (၁၃၀၀၀) ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ်လျှင် (၁၃၅၀၀) ကျပ်ဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်နေပြီး ဈေးကွက်တည်ငြိမ်နေကြောင်း သိရသည်။ လားရှိုးမြို့ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်တည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲတွင် အရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ အာမို(၁၅ ပတ်လည်) (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် (၁၉၀၀၀၀) ကျပ်ဖြစ်ပြီး၊ ပိုးသတ်ဆေးဈေးနှုန်းများမှာ ငှက်ကြီး တောင်(ဩဘာ) ၁၀၀ စီစီတစ်ဘူး လျှင် (၁၉၀၀၀) ကျပ်၊ ဩဘာ Alarm 15 WP (၁၀၀) ဂရမ်လျှင် (၁၅၀၀၀) ကျပ်၊ ဖိုစ့်တင်းအီးစီ (ဩဘာ) တစ်လီတာတစ်ဘူးလျှင် (၄၈၀၀၀) ကျပ် အသီးသီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(ရှမ်း)