Main menu

သရက်မြို့ပေါ်ရှိဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းရှိ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လစဉ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် သရက်ခရိုင်၊ အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၇-၆-၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် သရက်မြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

      ထိုသို့စစ်ဆေးခဲ့ရာတွင် အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ၎င်းတို့၏ Register No. မပါရှိသည့်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများကိုရောင်းချခြင်းမပြုရန်၊ ဆေးများကို စနစ်တကျထားသိုသိမ်းဆည်းရန်ပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆေးဆိုင်အခွန်များကိုပုံမှန်ဆောင်ရွက်ရန်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမပြုရန်၊ ဆေးဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုသာရောင်းချစေရန်၊ ဆေးပစ္စည်းများလက်ကျန်ပြတ်လပ်မှုရှိ/မရှိမေးမြန်းခဲ့ရာ ပစ္စည်းများလက်ကျန်ကျန်ရှိနေကြောင်း ဆိုင်ရှင်များထံမှသိရှိရပါသည်။

DOCA(မကွေး)