Main menu

သီရိလင်္ကာနိုင်ငံသည် မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကန့်သတ်ချက်များကို ၂၀၂၅ ခုနှစ်တွင် ဖယ်ရှားသွားမည်

Powered by Drupal

    သိရီလင်္ကာဘာဏာပိုင်များသည် ၂၀၂၅ ခုနှစ်တွင် မော်တော်ယာဉ်တင်သွင်းမှုအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့ရန် အစီအစဉ်တစ်ရပ်ကို ရေးဆွဲခဲ့ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ကို ကိုးကား၍ ပြည်တွင်း မီဒီယာများက သောကြာနေ့တွင် ပြောကြားခဲ့သည်။

     IMF ၏ အဆိုအရ ဤအစီအစဉ်သည် ၂၀၂၄ ခုနှစ် သုံးလပတ်တွင် အများသူငှာ ခရီးသည်တင်ယာဉ် များနှင့်အထူးယာဉ်များ တင်သွင်းမှုဖြင့် စတင်မည်ဖြစ်ပြီး ယခင်နှစ်၏ စတုတ္ထလေးလပတ်တွင် ကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်များ တင်သွင်းမှုဖြင့် စတင်မည်ဖြစ်သည်။

    ၂၀၂၅ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသည် မော်တော်ယာဉ်များအားလုံးကို တင်သွင်းခွင့် ကန့်သတ်ချက်များအပြီးအပိုင် ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း IMF ကပြောကြားခဲ့သည်။

   သီရိလင်္ကာနိုင်ငံသည် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် မော်တော်ယာဉ်တင်သွင်းမှုကို ပိတ်ပင်ခဲ့ပြီး နိုင်ငံ၏ နောက်ဆက်တွဲ စီးပွားရေး အကျပ်အတည်းများကြောင့် ထိုဆုံးဖြတ်ချက်အား ရုတ်သိမ်းခြင်းမရှိဘဲ ဆက်လက်ချမှတ်ခဲ့သည်။

     သီရိလင်္ကာအစိုးရသည် စီးပွားရေးအကျပ်အတည်းကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ကုန်ပစ္စည်း ၁၄၆၅ မျိုးတင်သွင်းမှုကို ကန့်သတ်ခဲ့သော်လည်း အချို့သော ကုန်ပစ္စည်းများအား စနစ်တကျ ပြန်လည်တင်သွင်းခွင့်ပြုခဲ့သည်။

    သီရိလင်္ကာနိုင်ငံ၏ တရားဝင်အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း သွင်းကုန်အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံကျော်ရှိပြီး မှတ်တမ်းများအရ ၂၀၂၁ ခုနှစ်ထက် ၁၁.၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်းသိရသည်။

Source : Xinhua

DOCA(ရန်ကုန်)