စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည် ၁၉-၆-၂၀၂၄ ရက်နေ့တွင် ကဒါမြို့သစ် (၃) လမ်းရှိ စားသုံးဆီလက်ကားကိုယ်စားလှယ်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပေါင်မြို့နယ်တာဝန်ခံသည် စားသုံးဆီလက်ကားရောင်းချနေသော လုပ်ငန်းရှင်အား စားသုံးဆီများဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်အရေအတွက်ပြည့်မီစွာရောင်းချပေးရေး/ စျေးနှုန်းမြှင့်တင်ရောင်းချမူမရှိစေရေးနှင့် စျေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း စသည်ဖြင့် အကျယ်တဝင့်အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)