Main menu

မုဒုံမြို့၌ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်ရက်ကန်းသင်တန်း (ဒုတိယအကြိမ်) ဖွင့်လှစ်မည်

Powered by Drupal

      မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ လက်ရက်ကန်း (၆)လသင်တန်း ဒုတိယအကြိမ်ကို ဇူလိုင် ၁ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရှိရပါသည်။

      သဘာဝဆိုးဆေးကိုအခြေခံ၍ အဝတ်အထည်အသုံးအဆောင်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်စေရန်၊ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှုမရှိစေရေး၊ ဒေသတွင်း အသေးစား၊ အလတ်စား (MSMEs) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရက်ကန်းလုပ်ငန်းများ ကျွမ်းကျင်စွာတတ်မြောက်၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်လမ်းရရှိစေပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းတိုးပွားလာစေရန်၊ ယင်းလုပ်ငန်းများအတွက် လိုအပ်သောနည်းပညာအထောက်အပံ့များ ဆောင်ရွက်ပေးနိုင်ရေးအတွက် လက်ရက်ကန်းသင်တန်းကို တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဇာခြည်ကျော်က ပြောကြားခဲ့သည်။

    ဇူလိုင်လ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့အထိ လက်ရက်ကန်းပညာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ရာ တက်ရောက်သူများအတွက် ကျောင်းတွင် နေထိုင်စားသောက်ရေးများစီစဥ်ထားကြောင်း၊ သင်တန်းသူတစ်ဦးလျှင် လစဥ် ငွေကျပ်၃၀၀၀၀ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး (၁၀) ဦးလက်ခံသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)