Main menu

ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့ရှိအာလူးကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

Powered by Drupal

      ၁၉-၆-၂၀၂၄ရက်နေ့တွင်စားသုံးသူရေးရာဦးစီးဌာန၊ကလောခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းလှိုင်ဦး (ရုံးအုပ်)သည် “ရွှေကဲ” အမှတ်တံဆိပ်အသင့်စားအာလူးကြော်ထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့်တွေ့ ဆုံခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ဦးဝင်းလှိုင်ဦး(ရုံးအုပ်) မှလုပ်ငန်းရှင်အား ၎င်း၏ထုတ်ကုန်ပစ္စည်းပေါ် တွင် ဖော်ပြရမည့်အမျိုးအမည်၊ အရွယ်အစား၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖော်ပြရမည့်အပြင် အမှတ်တံဆိပ်၊ ပါဝင်ပစ္စည်း၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကိုလည်းပြည့်စုံစွာဖော်ပြပေးရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

   အာလူးကြော်ကိုအချိုနှင့်အစပ်(၂) မျိုးထုတ်လုပ်ပြီးအစပ်ကိုပို၍ လူကြိုက်များကြောင်း သိရပါသည်။ အားလူးကြော်တစ်ထုပ်လျှင် အလေးချိန် (၅) ကျပ်သားခန့်ရှိပြီး ဈေးကွက်တွင် (၁၅၀၀) ကျပ်ဖြင့်ရောင်းချဖြန့်ဖြူး၍ တစ်ထုပ်ကို (၁၄၀၀) ကျပ်ဖြင့် ဖောက်သည်ဈေးကို လက်ကားပေးကြောင်း သိရှိခဲ့ရပါသည်။

     ယခုအခါကုန်ဈေးနှုန်းမြင့်တက်ခြင်း ၊ အားလူးအဟောင်းပြတ်၍ အသစ်ဝင်မှုနည်းပါးသဖြင့် အာလူးဈေးနှုန်းမြင့်တက်လာပြီး အလှူမင်္ဂလာများတွင်သာ အဓိကထားရောင်းရပါကြောင်းလေ့လာ မေးမြန်း၍ သိရှိရပါသည်။

DOCA(ရှမ်း)